ဇလွန်  ၁၆  ဇွန်

 

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ တောင်သူများအား ၂၀၂၀ ပြည့်နှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကို မေလ ၁၅ ရက်နေ့မှစတင်၍ ထုတ်ချေးပေးလျက် ရှိရာ ဇလွန်မြို့နယ်အတွင်းရှိ  ကျေးရွာအုပ်စု ၆၅ အုပ်စုမှ တောင်သူဦးရေ ၈၁၀၀၊ စိုက်ပျိုးဧက ၅၄၀၀၀ အတွက် ကျပ်သိန်းပေါင်း  ရှစ်သောင်းတစ်ထောင်ကို ထုတ်ချေးပေးမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မြို့နယ်မန်နေဂျာ ဒေါ်မြင့်မြင့်ရီက ပြောသည်။

 

ဇလွန်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးရေးစရိတ် ချေးငွေထုတ်ချေးပေးရာတွင် ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း စိုက်ပျိုးရေးစရိတ်ချေးငွေ လာရောက်ထုတ်ယူသော တောင်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ လက်ဆေးဘေစင်များထားရှိခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေရာများ သတ်မှတ်ပေးထားခြင်းများ ဆောင်ရွက်ထားကြောင်း သိရသည်။

 

ဝေယံ-ဇလွန်(ပြန်/ဆက်)