မိုးမောက် ၁၆ ဇွန်
ဒေါ်ခင်ကြည်ဖောင်ဒင်းရှင်းမှ မိုးမောက်မြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာနအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသ ရေးပစ္စည်းများအားထောက်ပံ့ပေးအပ်ပွဲ ကို ဇွန် ၁၅ ရက် ညနေပိုင်း က မိုးမောက်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့သည်။
အဆိုပါ ပေးအပ်ပွဲတွင် ဒေါ်ခင်ကြည်ဖောင်ဒင်းရှင်း ကိုယ်စားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခွန်ဝင်းသောင်း နှင့်အဖွဲ့မှ လာရောက်လှူဒါန်းခဲ့ရာ မိုးမောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းကိုနှင့် ကျန်းမာရေးမှူး ဦးစန်းနိုင်တို့က လက်ခံယူခဲ့သည်။
ထောက်ပံ့သောပစ္စည်းများမှာ PPE ဝတ်စုံ အထည် ၇၀၊ Surgical Gown ၅၀၊ N 95 Masks ၁၀ဝ ၊Mask ၁၀ဝ၀ ၊ လက်အိတ်၁၀ဝ ခုပါ ၁၀ ဘူး၊ ရေမလို လက်သန့်ဆေးရည်(၅၀ဝ) မီလီ၁၀ ဘူး၊ရေမလို လက်သန့် ဆေးရည်(၄)လီတာပုံး ၁၀ ပုံး၊ အရက်ပျံ ၁၀ဝ (မီလီ)၊၁၂၀ ဗူး၊ လက်ဆေးဆပ်ပြာရည် (၅၀ဝ)မီလီ ၁၀ဘူး ၊လက်ဆေးဆပ်ပြာရည် (၃.၅ kg)၅ ပုံး ၊အပူချိန်တိုင်းကိရိယာ ၅ ခု တို့ ဖြစ်ကြောင်း သိရသည်။
ဆီမီးခုံ-နန်းရီ


