ကျောက်တံတား  ၁၆  ဇွန်

 

ကျောက်တံတားမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် Grade-4 သင်ရိုးသစ် ဆင့်ပွားသင်တန်းကို ဇွန် ၁၅ ရက် နံနက် ၉ နာရီက ကျောက်တံတား မြို့နယ်နှင့် ကိုကိုးကျွန်း မြို့နယ် အခြေခံကျောင်းများမှ ဆရာ ဆရာမ ၂၅ ဦးကို သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ‘‘Grade-4 သင်ရိုးသစ် Online Training(TOT) ကို ဇွန် ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် အခြေခံပညာမူလတန်း ကျောင်းအုပ်ဆရာမကြီးများအား ဖွင့်လှစ်သင်ကြားခဲ့ပြီးနောက် ယခုအခါ Grade-4  သင်ရိုးသစ် ဆင့်ပွားသင်တန်းကို  ဇွန် ၁၅ ရက်မှ ဇွန် ၂၁ ရက်အထိ  ဘာသာရပ်(၁၀)မျိုးကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်မိမိချိုက ပြောသည်။

 

(မြို့နယ် ပြန်/ဆက်)