မောက်မယ် ၁၆ ဇွန်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော ရှမ်းပြည်နယ် ( တောင်ပိုင်း ) လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်) စက်၀န်း မှ Information Campaign အား ယနေ့နံနက် ၆ နာရီက ယာယီပျံကျစျေး၌ ကျင်းပပြုလုပ်သည်။
ထို Information Campaign တွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့်ကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရ၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဖွေးဟွမ်ဦး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ ဝန်ထမ်းများ ၊လူထုဗဟိုပြုစီမံကိန်းမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ မြို့အ၀င်/အထွက်ဂိတ်များ၊ လမ်းဆုံများမြို့မစျေးဆိုင်ခန်းများနှင့် ယာယီပျံကျစျေးတွင်( ကိုဗစ်-၁၉ ) ရောဂါ ကြိုတင်ကာကွယ်ရေး ဆောင်ရန်၊ ရှောင်ရန် လက်ကမ်းစာစောင်များနှင့် လျှော်ဖွတ်အသုံးပြု၍ ရသောနှာခေါင်းစည်း(Mask) ၁၀၀၀ ကျော်ကိုစျေးရောင်း/ စျေး၀ယ် သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့် (မောက်မယ်)


