စေတုတ္တရာ ၁၆ ဇွန်      

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးအုံကျေးရွာရှိ ရွာလယ်စုရပ်ဆောင်တွင် ယနေ့ နံနက် ၉ နာရီက ငါးသယံဇာတထိန်းသိမ်းရေးပညာပေး ဟောပြော ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါပညာပေးဟောပြောပွဲ၌ ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ထွန်းဦး က အသိပညာ ပေးဟောပြောရာတွင် ငါးသယံဇာတများ ပေါကြွယ်ဝစေရေးနှင့် ငါးမျိုးများ မပြုန်းတီးစေရေးအတွက်  တားမြစ်ကာလဖြစ်သော ငါးရစ်ငါးသန် ကာကွယ်တားဆီးရေး အချိန်ကာလတွင် ငါးဖမ်းဆီးဆောင်ရွက်ခြင်း မပြုစေရန်၊ တရားမဝင်ငါးဖမ်းဆီးနည်းဖြစ်သည့် အဆိပ်ချငါးဖမ်းဆီးခြင်း၊ ဘက်ထရီရှော့တိုက် ငါးဖမ်းဆီး နည်းဖြင့် ဖမ်းဆီးဆောင်ရွက်ခြင်းမရှိစေရန် စသည်ဖြင့် ငါးသယံဇာတထိန်းသိမ်းရေး အသိပညာပေး ပြောကြားခဲ့သည်။

 

ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များအား မေးမြန်းရာ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ထွန်းဦးက  ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ် (ပြန်/ဆက်)