ဖာပွန် ၁၆ ဇွန်
ကရင်ပြည်နယ် ဖာပွန်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက်မှ စာဖတ်ပရိသတ်ကြိုက်နှစ်သက်သည့် စာအုပ်အပေါ် ပြန်လည်ဆွေးနွေးမျှဝေမှုအစီအစဉ်ကို အွန်လိုင်း စနစ်ဖြင့် အပတ်စဉ် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်ပြည်သူ့စာကြည့်တိုက် စာဖတ်ပရိသတ် မသီရိရတနာအောင်က စာရေးဆရာ မောင်မင်းစိုး ရေးသား သည့် “လူငယ်နဲ့ အထက်တန်းစားစိတ်ဓာတ်” စာအုပ်အပေါ် ပြန်လည်ဆွေးနွေးမျှဝေပေးခဲ့ကြောင်း၊ အဆိုပါစာအုပ်မှာ လူငယ်လမ်းညွှန်ဆောင်းပါးများ ကောက်နုတ်ဖော်ပြထားသည့် စာအုပ်ဖြစ်သည့် အတွက် လူငယ်များ မဖြစ်မနေဖတ်ရှုသင့်ကြောင်း၊ ထိုစာအုပ်မှ လူငယ်နဲ့ ပေါင်းသင်းဆက်ဆံရေး ကဏ္ဍကို ရွေးချယ်ဆွေးနွေးခဲ့ကြောင်း၊ လူငယ်များအနေဖြင့် အပေါင်းအသင်းကြောင့် ပျက်စီးသွားသူများ ရှိသဖြင့် အပေါင်းအသင်းကို ရွေးချယ်ပေါင်းသင်းတတ်ရန် လိုအပ်ကြောင်း၊ လူငယ်များအတွက် ပေါင်းသင်းဆက်ဆံရေးသည် အလွန်အရေးကြီးကြောင်း မသီရိရတနာအောင်က ဆွေးနွေးခဲ့သည်။
လူငယ်နဲ့ အထက်တန်းစားစိတ်ဓာတ် စာအုပ်အပေါ် ပြန်လည်ဆွေးနွေးမျှဝေမှု အစီအစဉ်တွင် ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါနှင့် ရုပ်သံကျွမ်းကျင်-၃ ဒေါ်နန်းခင်ခင်ထွန်းတို့က မသီရိရတနာအောင်နှင့်အတူ အပြန်အလှန် ပါဝင်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
စိုင်းကျော်ဝဏ္ဏ၊ တိုးဝေဇင်(ပြန်/ဆက်)


