နမ္မတူ ၁၆ ဇွန်

 

နမ္မတူမြို့နယ် (IDP)စခန်း ၃ ခုရှိ အသက် ၁၃ နှစ်မှ ၄၅ နှစ်အတွင်း အမျိုးသမီး ၁၄၂ ဦးအတွက် အမျိုးသမီး သုံး တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်း ၁၁ မျိုးပါ လက်စွဲအိတ်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ကြူဆော့  (IDP)စခန်း၊ ကချင်  (IDP)စခန်း၊ လီဆူး  (IDP)စခန်း တို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် Women’s LEAD အဖွဲ့မှ စီမံချက်ဒါရိုက်တာ ဒေါ်အဲမေနှင့် အဖွဲ့မှ နမ္မတူမြို့နယ် ကြူဆော့ (IDP)စခန်းရှိ အသက် ၁၃ နှစ်မှ ၄၅ နှစ်အတွင်း အမျိုးသမီး ၆၆ ဦး၊ ကချင်  (IDP)စခန်းရှိ အသက် ၁၃ နှစ်မှ ၄၅ နှစ်အတွင်း အမျိုးသမီး ၄၅ ဦး၊ လီဆူး  (IDP)စခန်းရှိ အသက် ၁၃ နှစ်မှ ၄၅ နှစ်အတွင်း အမျိုးသမီး ၃၁ ဦး၊ စုစုပေါင်း အသက် ၁၃ နှစ်မှ ၄၅ နှစ်အတွင်း အမျိုးသမီး ၁၄၂ ဦး တို့အတွက် အမျိုးသမီးသုံး တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်း ၁၁ မျိုးပါ လက်စွဲအိတ် ၁၄၂ အိတ်အား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

လူမော် (ပြန်/ဆက်)