ကော့မှူး   ၁၆   ဇွန် 

 

ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ပိုက်ချက်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီက ဘုရားလမ်းရပ်ကွက် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာအေးက အဖွင့်အမှာစကားပြောကြား ပြီး မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဦးနွယ်ထွန်းမြင့်က တင်ဒါစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်း ပြောကြားခဲ့သည်။

 

ထို့နောက် ကော့မှူးမြို့နယ်အတွင်း တင်ဒါပိုက်ချက်များ ပထမအကြိမ်ရောင်းချခြင်းကို အနည်းဆုံး လူအင်အားဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်ရာ တင်ဒါပိုက်ချက် (၁၆)ချက်အား ရောင်းချခဲ့ရပြီး တင်ဒါခွန် ကျပ် ၇၀၃၇၅၀ဝ အား ပြည်သူဘဏ္ဍာသို့ ပေးသွင်းနိုင်ခဲ့ကြောင်း သိရသည်။

 

ကျော်သူရ(ပြန်/ဆက်)