၁၆ ဇွန်
နယူးဇီလန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု ၂၅ ရက်တိတိ ကင်းစင်ပြီးနောက် ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ နှစ်ဦးရှိခဲ့ကြောင်း ကျန်းမာရေးဌာနရဲ့ တာဝန်ရှိသူတွေက ဒီနေ့ (အင်္ဂါနေ့) မှာ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။
ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ လူနာနှစ်ဦးလုံးဟာ ဗြိတိန်နိုင်ငံကနေ လက်တလော ပြန်လည် ရောက်ရှိလာသူဖြစ်ကြောင်း၊ နယူးဇီလန်နိုင်ငံ နယ်စပ်တွေကို နိုင်ငံသားတွေ ပြန်လည် လက်ခံရေး အတွက်နဲ့ စီးပွားရေး လုပ်ငန်းတွေသာ ဖွင့်လှစ်ပေးထားတာဖြစ်ပါတယ်။
လူဦးရေ ငါးသန်းနီးပါး နေထိုင်တဲ့ နယူးဇီလန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံး ၂၂ ဉီး ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က နိုင်ငံတွင်းမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ မရှိတော့ကြောင်း ကြေညာ ခဲ့ပါတယ်။ ဗိုင်းရပ်စ်ပိုး ကင်းစင်ခဲ့တဲ့အတွက် လူစုလူဝေးခွင့်တွေ ပြန်လည်ရရှိခဲ့ပေမယ့် နယ်စပ်ဂိတ်တွေကိုတော့ ဆက်လက် ထိန်းချုပ်ထားခဲ့ပါတယ်။
ဝန်ကြီးချုပ်က ဗိုင်းရပ်စ်ပိုးပါရှိသူတွေကို သီးခြားစောင့်ကြည့်မှုအောက်မှာ ထားပြီး ဗိုင်းရပ်စ်ပိုးတွေကို နယ်စပ်ဂိတ်မှာဘဲ ကင်းစင်အောင် လုပ်ထားခဲ့မယ်ဆိုတာက သူတို့အစိုးရရဲ့ မျှော်လင့်ချက်ဖြစ်ကြောင်း၊ လူတွေကြားမှာ ဗိုင်းရပ်စ်ပိုး ရောက်ခဲ့မယ်ဆိုရင်တော့ တမျိုးဖြစ်သွားနိုင်ကြောင်း၊ ဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရေးဟာ ဆက်လက် ပြုလုပ်သွားရမယ့် အလုပ်ပါလို့ သတင်းထောက်တွေကို ပြောကြားပါတယ်။
နယူးဇီလန် နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁,၅၀၆ ဦးရှိပြီး သေဆုံးသူက ၂၂ ဦး ရှိပါတယ်။ ကမ္ဘာတစ်ဝန်းမှာတော့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၈,၁၂၈,၄၈၈ ဦး ရှိပြီး ၄,၂၄၂, ၁၃၄ ဦး ပြန်လည် ကျန်းမာလာကာ ၄၃၉,၄၂၁ ဦး သေဆုံးခဲ့ကြောင်း ဇွန် ၁၆ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
MDN
ကိုးကား - AFP