မော်လမြိုင်ကျွန်း  ၁၆  ဇွန် 

 

မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် နေထိုင်လျက်ရှိကြသော အသက် ၈၅ နှစ်နှင့် အထက်  ဘိုးဘွားများအား  ကိုဗစ်ကာလအတွင်းထပ်ဆောင်းကူညီပံ့ပိုးငွေကျပ် ၃၀ဝ၀ဝ အား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်လူမှု ဝန်ထမ်းရုံးတွင် ဇွန် ၁၅ ရက်မှစတင်၍ ထောက်ပံ့ပေးအပ်လျက်ရှိသည်။    

 

mdn

       

                       

အဆိုပါအသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား တစ်လလျှင် ငွေကျပ် ၁၀ဝ၀ဝ နှုန်းဖြင့်  သုံးလလျှင် တစ်ကြိမ်၊ သုံးသောင်းကျပ်တိတိအား  လူမှုရေးပင်စင်အနေဖြင့်  ထောက်ပံ့ပေးအပ်လျက်ရှိရာမှ     ယခု ကိုဗစ်-၁၉ ကာလအတွင်း  ထပ်ဆောင်းထောက်ပံ့ငွေ သုံးသောင်းကျပ်  စုစုပေါင်း ခြောက်သောင်းကျပ်  တိတိအား ဘိုးဘွားများထံ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးသွားမည်ဖြစ်သည်။                     

 

မော်လမြိုင်ကျွန်းမြို့နယ်တွင် ထပ်ဆောင်းကူညီပံ့ပိုးငွေ ရရှိသူအသက် ၈၅ နှစ်နှင့်အထက်  ဘိုးဘွား ၉၂၇ ဦးရှိပြီး လူမှုရေး ပင်စင်ထောက်ပံ့မှုအား နောက်လများတွင် ယခင်အတိုင်း ပြန်လည်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။      

                                                                                   

အောင်အောင်(ပြန်/ဆက်)