၁၆ ဇွန်

 

အိန္ဒိယ - တရုတ်  နယ်စပ်မျဉ်းပေါ်မှာ နှစ်နိုင်ငံစစ်တပ်တွေ ပဋိပက္ခဖြစ်ပွားရာကနေ အိန္ဒိယစစ်သား သုံးဦး သေဆုံးခဲ့ကြောင်း အိန္ဒိယစစ်တပ်က ဒီနေ့(အင်္ဂါနေ့) မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

 

အိန္ဒိယစစ်တပ်မှ အရာရှိတစ်ဦး၊ တပ်သားနှစ်ဦး သေဆုံးကြောင်းနဲ့ နှစ်ဖက်စစ်တပ်တွေမှာ  ပဋိပက္ခကြောင့် ထိခိုက်မှုရှိကြောင်း အိန္ဒိယစစ်တပ်က ပြောပါတယ်။

 

နယ်စပ်မှာ နှစ်နိုင်ငံစစ်တပ်တွေ တင်းမာနေခဲ့ရာ သီတင်းပတ် အတော်ကြာနေပြီဖြစ်ပါတယ်။ အဲဒီတင်းမာမှုကြောင့် ထောင်ချီတဲ့ စစ်အင်အားတွေကို နှစ်ဖက်တပ်တွေက စေလွှတ်ခဲ့ပါတယ်။

 

တရုတ်နိုင်ငံဘက်က ထိခိုက်မှုနဲ့ပတ်သက်ပြီး အတည်ပြုပြောဆိုခြင်း မရှိပေမယ့် အိန္ဒိယတပ်က ဂါဝမ်တောင်ကြားရှိ နယ်စပ်ကို ကျော်လာခဲ့ကြောင်း ပြောပါတယ်။

 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက အိန္ဒိယက ပြဿနာရှာခဲ့ကြောင်းနဲ့ တဖက်သတ်လှုပ်ရှားမှုတွေ မလုပ်ရန် ပြောပါတယ်။

 

နျူကလီးယားပိုင်ဆိုင်တဲ့ နှစ်နိုင်ငံကြားမှာ နယ်စပ်ကိစ္စနဲ့ပတ်သက်ပြီး အခုသီတင်းပတ်တွေအတွင်းမှာ တင်းမာမှုတွေ ဖြစ်နေခဲ့ပေမယ့် သေနတ်သံမကြားခဲ့ရဘူးဖြစ်ပါတယ်။

 

MDN

ကိုးကား - AFP