ရန်ကုန် ၁၆ ဇွန်
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်တွင်း၊ ပြည်ပမှ စေတနာအလှူရှင်များ၏ ကူညီပံ့ပိုးမှုများနှင့်အတူ တိုင်းဒေသကြီး/ပြည်နယ်များတွင် ဆောင်ရွက်လျက်ရှိသည်။ အသင်း၏ရန်ကုန်ရုံးခွဲတွင် ပြည်တွင်း၊ ပြည်ပမှ အလှူရှင်များလှူဒါန်းထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသုံးအဆောင်ပစ္စည်းများဖြစ်သော Surgical Mask ၊ N 95 Mask ၊ Hand Gel ၊ Face Shield ၊ PPE ၊ Hand Glove၊ Apron ၊ Hand Speaker အစရှိသောပစ္စည်းများကို ဇွန် ၁၆ ရက်က ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီသို့ ဖြန့်ဝေပေးခဲ့ရာ မရမ်းကုန်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှကြက်ခြေနီ စေတနာလုပ်အားရှင်များသည် ပါဝင်ကူညီ လုပ်အားပေးခဲ့ကြသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများအတွက် လိုအပ်သော အသုံးအဆောင်ပစ္စည်းများကို လှူဒါန်းလိုပါက ဒေါ်မေစန္ဒာမျိုး၊ ဌာနမှူး အရင်းအမြစ်စုစည်းအသုံးချရေးဌာန၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ဖုန်း ၀၉-၄၂၁၁၆၉၅၈၉ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
ဝင်းအောင်(MRCS)