မတ္တရာ ၁၇ ဇွန်
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် တိုင်းရင်းဆေးဝါးလုပ်ငန်းတွင် ထိန်းချုပ် ဓာတုပစ္စည်း ဖြစ်သော အမိုနီယံ ကလိုရိုက်(ဇဝက်သာ)အား လက်ဝယ်ထားရှိ သုံးစွဲခွင့်ပြုနိုင်ရန် လျောက်ထားမှု အပေါ် ယနေ့ နံနက် ၉ နာရီက ခရိုင်မူးယစ်ဆေးဝါးနှင့် တားဆီးနှိမ်နှင်းရေးအဖွဲ့မှ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မတ္တရာမြို့ အမှတ်(၂)ရပ်ကွက်ရှိ “ဒေါ်ထူးထူး” တိုင်းရင်းဆေးဝါး လုပ်ငန်းမှ ဆေးဖော်စပ်အသုံးပြုရန်အတွက် ထိန်းချုပ်ဓာတုပစ္စည်းဖြစ်သော အမိုနီယံ ကလိုရိုက် (ဇဝက်သာ)အား လက်ဝယ်ထားရှိ အသုံးပြုခြင်းအား ခွင့်ပြု နိုင်ပါရန် ထိန်းချုပ်ဓာတု ပစ္စည်းများ ကြီးကြပ်ရေး နည်းဥပဒေ ၄၅ အရ တင်ပြလျှောက် ထားလာမှုအား ထိန်းချုပ်ဓာတု ပစ္စည်းများ ကြီးကြပ်ရေးဆိုင်ရာ နည်းဥပဒေများအပိုဒ် (၅)အရ ခွင့်ပြုချက်ထုတ်ပေးရန်(သို့မဟုတ်) ငြင်းပယ် ဆောင်ရွက်နိုင်ရန်အတွက် နည်းဉပဒေ ၆ (က)အရ ခွင့်ပြုချက်ထုတ်ပေးရန် စိစစ်ရေးအဖွဲ့ဖြစ်သည့် ခရိုင်မူးယစ် ဆေးဝါးနှင့် တားဆီးနှိမ်နှင်းရေးအဖွဲ့မှ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ရဲမှူးသန်းဌေးအောင်၊ ခရိုင်ဉပဒေ အရာရှိ ဦးမြင့်လှိုင်၊ ခရိုင်ကျန်းမာရေးဦးစီးမှူး ဒေါက်တာသန်းဝင်း၊ ခရိုင် ပြန်/ဆက်ဦးစီးမှူး ဒေါ်သိန်းသန်းဌေးနှင့် ဒုရဲမှူး နိုင်အောင်ခိုင်တို့မှ တင်ပြလျှောက်ထား ချက်များပါ အကြောင်းအရာ များနှင့် အချက်အလက်များ ပြည့်စုံမှုရှိ/မရှိ၊ လုပ်ငန်းလိုင်စင်နှင့် မှတ်ပုံတင်ပါ စည်းကမ်းချက်များ လိုက်နာမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး လျှောက်ထားသူမှ သက်ဆိုင်ရာ ဉပဒေ၊ နည်းဉပဒေ၊ လုပ်ထုံးလုပ်နည်း အမိန့်များပါ စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ရေး၊ လိုက်နာမှုမရှိက တည်ဆဲ ဉပဒေများအကြောင်း အရေးယူခံရနိုင်မှုများကို ခံဝန်ချက်များ ရယူခြင်းလုပ်ငန်းများကို စစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများ ဆိုင်ရာ ဉပဒေပုဒ်မ ၁၆ ပုဒ်မခွဲ(ခ)နှင့် ပုဒ်မ ၃၀ ပုဒ်မခွဲ(ခ)အရ မီသိုင်လမင်း/ မီသိုင်လမင်း ဟိုက်ဒရို ကလိုရိုက်၊ အမိုနီယမ်ကလိုရိုက်၊ ဆိုဒီယမ်အစီတိတ်၊ လိဒ် အစီတိတ်၊ တာတာရစ် အက်ဆစ်၊ ဆိုဒီယမ် ဆိုင်ယာနိုက်နှင့် အမိုနီယမ် နိုက်ထရိတ်တို့ကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၇ရက် အမိန့်ကြော်ငြာစာ အမှတ် ၁၈/၂၀၂၀ ဖြင့် ထိန်းချုပ်ဓာတုပစ္စည်းများဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)


