ကံမ  ၁၇  ဇွန် 

 

မကွေးတိုင်းဒေသကြီး  သရက်ခရိုင်  ကံမမြို့နယ်တွင် တောင်သူများလယ်သမားများ၏ စိုက်ပျိုးရေး လုပ်ငန်းခွင် အထောက်အပံ့ ရရှိစေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၀ ပြည့်နှစ်  မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများအား ထုတ်ချေးပေးလျက်ရှိရာ ယနေ့အထိ ကျေးရွာအုပ်စု ပေါင်း ၃၅ အုပ်စုမှ တောင်သူများအား ထုတ်ချေးပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

ကံမမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၅၂ အုပ်စုမှ တောင်သူလယ်သမားများအား စပါးသီးနှံ တစ်ဧက လျှင် ငွေကျပ် ၁၅၀ဝ၀ဝ နှုန်းဖြင့် ၁၉၆၈၄ ဧက၊ နှမ်း ပဲတီစိမ်း အစရှိသည့် အခြားသီးနှံ တစ်ဧကလျှင် ငွေကျပ် ၁၀ဝ၀ဝ၀ နှုန်းဖြင့် ၂၃၇၄ ဧကတို့အတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်းကျော် ထုတ်ချေးပေးရန် လျာထားကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဒေါ်ညိုမာမြင့်၏ ပြောကြားချက်အရ သိရသည်။

 

ကျော်ဇေယျဝင်း(ကံမ)