ဖလမ်း ၁၇ ဇွန်
ဖလမ်းမြို့နယ်အတွင်း Quarantine Center များတွင် ကူညီဆောင်ရွက်ပေးနေကြ သော စေတနာ့ဝန်ထမ်းများအား စွမ်းဆောင်မြှင့် တင်ခြင်းဆင့်ပွားသင်တန်းဖွင့်ကို ယနေ့ နံနက်ပိုင်းက ဖလမ်းမြို့၊မြို့မအားကစားရုံ ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးမင်းသိမ်းက အမှာစကား ပြောကြားခဲ့ပြီး နောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြားအွယ် က နုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ဖလမ်းမြို့၊ ခရိုင်ပြည်သူ့ဆေးရုံအုပ်ဒေါက်တာ တလွန်ကျုံးထန်က စေတနာ့ဝန် ထမ်းများလုပ်ငန်းဆောင်ရွက်ရာတွင် ကျန်းမာရေးဆိုင်ရာ လိုက်နာဆောင်ရွက်သင့်သည့် အချက်များ၊ PPE ဝတ်စုံဝတ်ဆင်နည်းများ သင်ကြားပေးရာ သင်တန်းသူ/သားများက လက်တွေ့ဝတ်ဆင်လေ့ကျင့်ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနက တာဝန်ရှိသူများက စိတ်လူမှုပိုင်းဆိုင်ရာ အထောက်အပံ့ ပေးခြင်း(Spycho Social Support)၊ လူမှုကာကွယ်စောင့်ရှောက်ရေး(Social Protection)ဘာသာရပ် များကို သင်ကြားပို့ချခဲ့ကြသည်။
ယင်းနောက် သင်တန်းသူ/သားများက သိရှိလိုသည့်အချက်များ မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။
ရဲမြင့်အောင်(ကေမသုမ်)


