မော်လမြိုင်ကျွန်း ၁၇ ဇွန်

 

မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား ကိုဗစ်ကာလအတွင်း ထပ်ဆောင်းကူညီပံ့ပိုးငွေ သုံးသောင်းကျပ်နှင့်  နိုင်ငံတော်မှထောက်ပံ့လျက်ရှိသော  လူမှုရေးပင်စင်  တစ်လလျှင် တစ်သောင်းကျပ်နှုန်းဖြင့် (၃)လစာ သုံးသောင်းကျပ် စုစုပေါင်း ခြောက်သောင်းကျပ်အား မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဘိုးဘွားများထံ ဇွန် ၁၇ ရက်က အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဘိုးဘွားများအတွက် ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်သိန်း၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဒေါ်ရတနာမော်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ကြပြီး ကျန်ရှိ ဘိုးဘွားများအား လက်ဝယ်အရောက် ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဒေါ်ရတနာမော်ထံမှ သိရသည်။

 

အောင်အောင်(ပြန်/ဆက်)

 

mdn