ဘားအံ ၁၈ ဇွန်
ကရင်ပြည်နယ်တွင် ဘားအံ- ကော့ကရိတ်-မြဝတီထိုင်းနိုင်ငံနယ်စပ်သို့ ကုန်စည်စီးဆင်းရေးအတွက် သွားလာရာ လမ်းတစ်ခုဖြစ်သည့် ဘားအံ -နောင်လုံ-ဂျိုင်းလမ်းအပိုင်းပေါ်ရှိ နောင်လုံတံတားသစ် ပြီးစီးသွားသောကြောင့် စတင် အသုံပြုနေလျှက်ရှိကြောင်း သိရသည်။
နောင်လုံတံတားသစ်သည် ယခင်တံတားဟောင်းဘေးတွင် သုံးဆွဲမှုများလာသည်နှင့်အညီ အရှည်ပေ ၄၀ဝ၊ ယာဉ်သွားလမ်း အကျယ်(၁၄ ဒသမ ၆၃)မီတာ၊ လူသွားလမ်းအကျယ်တစ်ဖက်လျှင်(ဝ ဒသမ ၉၁)မီတာ၊ ရေလမ်းကင်းလွတ် အမြင့်(၂ ဒသမ ၇၉) မီတာ၊ခွင့်ပြုယာဉ်အလေးချိန် တန် ၆၀ ခံနိုင်ရည်ရှိပြီး ၁-၁၁-၂၀၁၇ ခုနှစ်မှ စတင်ကာ တံတားအထူး(၁၄)က တည်ဆောက်ခဲ့ရာမှာ ယခုအခါ ၁၀ဝ ရာခိုင်နှုန်းပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ တံတားပြီးစီးသွားသောကြောင့် ဘားအံ- ကော့ကရိတ်-မြဝတီထိုင်းနိုင်ငံနယ်စပ်သို့ ကုန်စည် စီးဆင်းရေးအတွက် အသုံးပြုသည့် တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


