မုံရွာ ၁၈ ဇွန်
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မိုးရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံ ၈၂၅၀၇၇ ဧကကို စိုက်ပျိုး သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းလှိုင်ဦး၏ ပြောကြားချက်အရ သိရသည်။
မုံရွာခရိုင်အတွင်း မြေပဲ ၆၃၀၅၂ ဧက၊ မိုးနှမ်း ၁၁၆၅၇၈ ဧကနှင့် နေကြာ ၁၂၆၇၅ ဧက စုစုပေါင်း ၁၉၂၃၀၅ ဧက အားလည်းကောင်း၊ စစ်ကိုင်းခရိုင်အတွင်း မြေပဲ ၄၉၈၇၅ ဧက၊ မိုးနှမ်း ၄၅၇၈၇ ဧကနှင့် နေကြာ ၁၄၆၀၈ ဧက စုစုပေါင်း ဧက ၁၁၀၂၇၀ အားလည်းကောင်း၊ ရွှေဘိုခရိုင်အတွင်း မြေပဲ ၁၃၃၇၅၇ ဧက၊ မိုးနှမ်း ၅၇၀၁၂ ဧကနှင့်နေကြာ ဧက ၇၂၅၀ စုစုပေါင်း ၁၉၈၀၁၉ ဧကအားလည်းကောင်း၊ ယင်းမာပင် ခရိုင်အတွင်း မြေပဲ ၃၁၇၇၇ဧက၊ မိုးနှမ်းဧက ၁၆၈၁၀ဝ နှင့်နေကြာ ၁၅၆၁၃ ဧက စုစုပေါင်း ဧက ၂၁၅၄၉၀ အား လည်းကောင်း၊ ကန့်ဘလူ ခရိုင်အတွင်း မြေပဲ ၅၇၃၃၃ ဧကနှင့်နေကြာ ၅၄ ဧက စုစုပေါင်း ၅၇၃၈၇ ဧကအား လည်းကောင်း စိုက်ပျိုးသွားမည်ဖြစ်သည်။
အလားတူ ကသာခရိုင်အတွင်း မြေပဲ ၉၀၆ဧကနှင့် မိုးနှမ်း ၃၉၁ဧက စုစုပေါင်း ၁၂၉၇ ဧကအား လည်းကောင်း၊ ကလေးခရိုင်အတွင်း မိုးနှမ်း ၅၀ဝ၉၁ ဧကအားလည်းကောင်း၊ တမူးခရိုင်အတွင်း မိုးနှမ်း ၅ ဧက အားလည်းကောင်း၊ မော်လိုက်ခရိုင်အတွင်း မိုးနှမ်းဧက ၈၀ အားလည်းကောင်း၊ ခန္တီးခရိုင်အတွင်း မိုးနှမ်း(၁၃၃)ဧကအား လည်းကောင်း စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


