ကံမ ၁၈ ဇွန်
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် မွေးရာပါ မသန်စွမ်းနှင့် ချို့တဲ့သူများအား အခြေခံ စားသောက်ကုန်များ ထောက်ပံ့ ပေးအပ်ခြင်းကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ထောက်ပံ့ ပေးအပ်ခြင်းကို ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ယဉ်မင်းသူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်မိသဇင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ ပူးပေါင်းပါဝင်သော အဖွဲ့သည် ထုံးကြီးကျေးရွာ၊ အုတ်ဖိုကျေးရွာနှင့် အမှတ်(၄)ရပ်ကွက်တို့မှ မွေးရာပါ ကိုယ်အင်္ဂါမသန်စွမ်းနှင့် ချို့တဲ့သူ ၂၁ ဉီးတို့အား တစ်ဉီးလျှင် ဆန်နှစ်ပြည်၊ ဆီ ၅၀ ကျပ်သားနှင့် ကြက်ဥ ၁၀ လုံး စသည့် အခြေခံ စားသောက်ကုန်များအား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ကိုကိုကျော်(ကံမ)


