နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်အစည်းအဝေးခန်းမ၌ ဇွန်လ ၁၆ရက်နေ့က ကိုဗစ်-၁၉ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးသက်ရောက်မှု qprsecut moteqraspapaçosq8g Video Conferencing စနစ်ဖြင့် လက်တွေ့အခြေအနေများကို အပြန်အလှန်ဆွေးနွေးပွဲပြုလုပ်ခဲ့ သည်။
ဆွေးနွေးပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က "ဒုတိယလှိုင်းက ( ခက်မည်ဟု မိမိ၏ဖေ့စ်ဘွတ်စာမျက်နှာတွင် သတိပေးထားပါကြောင်း၊ ကျန်းမာရေးနှင့်စီးပွားရေးမှာ ခွဲခြား၍မရပါကြောင်း၊ ကျန်းမာရေးထိခိုက် ပါက စီးပွားရေးထိခိုက်မှုရှိမည်ဖြစ်ပြီး စီးပွားရေးထိခိုက်ပါက ကျန်းမာရေး အတွက် ထောက်ပံ့ပေးရန်အစီအစဉ်များ ခက်ခဲသွားနိုင်ပါကြောင်း၊ ပြည်သူ သည်သာ အဓိကဖြစ်ပါကြောင်း၊ ယင်းနောက်တွင် ညီညွတ်ရေးဖြစ်ပါ ကြောင်း၊ ပြည်သူတစ်ယောက်ချင်း၏အင်အားကိုစုစည်းပြီး ညီညီညွတ်ညွတ် ဆောင်ရွက်ရန် အရေးကြီးပါကြောင်း” ဆွေးနွေးသုံးသပ်ပြောကြားခဲ့သည်။
ကိုဗစ်-၁၉ ရောဂါဂယက်ကြောင့် ကမ္ဘာ့စီးပွားရေးတုံ့ဆိုင်းနှေးကွေး - သွားပြီး နိုင်ငံအများစုတွင် စီးပွားရေးအကျပ်အတည်းများ ကြုံတွေ့နေရသည်။ အဆိုပါဂယက်သည် မြန်မာနိုင်ငံသို့လည်း အထိုက်အလျောက် ရိုက်ခတ်လာသည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘာတစ်ခွင် ရောဂါဖြစ်ပွားစဉ်ကတည်းက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍများတွင် ဘက်စုံအကာအကွယ်ပေးနိုင်ရန်အတွက် အရေးပေါ်စီမံချက် များ ချမှတ်ဆောင်ရွက်လျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါကြောင့် ကမ္ဘာတစ်ခွင်တွင် ပြည်သူများကျန်းမာရေး ဘက်၌ ထိခိုက်မှုများရှိနေသော်လည်း မြန်မာနိုင်ငံတွင် လတ်တလော၌ | ဆိုးဆိုးရွားရွားထိခိုက်ခံစားရမှုများ မရှိသေးပေ။ စီးပွားရေးဘက်တွင် | လုပ်ငန်းအများစု တုံ့ဆိုင်းမှုရှိနေသေးသဖြင့် ထိခိုက်မှုအထိုက်အလျောက် ရှိနေသည်။ အချို့လုပ်ငန်းများမှာ လည်ပတ်နိုင်မှုမရှိသဖြင့် ပြည်သူအချို့မှာ အလုပ်လက်မဲ့ဖြစ်နေမှုများရှိနေသည်ကို သတိပြုမိကြမည်ဖြစ်သည်။ | ထို့ကြောင့် ရေတိုတွင်အရေးပေါ်ကိစ္စအဖြစ် ကိုင်တွယ်ဖြေရှင်းနေပြီး | နောင်အကျိုးဆက်များကိုရှေးရှု၍ ရေရှည်အစီအမံများကိုလည်း | ဆောင်ရွက်နေသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသော်လည်း ယခုနှစ် စီးပွားရေးရည်မှန်းချက်များအား သိသိသာသာထိခိုက်မှုမရှိသေးသည်ကိုတွေ့ရသည်။ လက်ရှိတွင် အရေးပေါ်ကိစ္စများအတွက် ပြည်သူများ ထိခိုက်မှု နည်းနိုင်သမျှနည်းအောင် အလေးထားဆောင်ရွက်နေပြီး ရေရှည်တွင် စီးပွားရေးနာလန်ထူကာ ပြန်လည်ဦးမော့လာရေးအတွက် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြည်သူအားလုံးတို့သည် တူညီသည့်စေတနာဖြင့် နိုင်ငံကိုရေရှည်ဖွံ့ဖြိုးတိုးတက်အောင် ထူထောင် နိုင်မည့် ဖွံ့ဖြိုးမှုကို တစ်စိတ်တစ်ဝမ်းတည်း ဆောင်ရွက်ကြရမည်ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှု အများဆုံးခံရသည့် အထည်ချုပ်လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးကူညီပေးရန် ရန်ပုံငွေကျပ်ဘီလီယံ ၁၀၀ ထူထောင်ပေးခဲ့ပြီး မြန်မာ နိုင်ငံသားပိုင်လုပ်ငန်းများကို သက်သာသောအတိုးနှုန်း တစ်ရာခိုင်နှုန်းဖြင့် ဧပြီလတတိယပတ်မှစ၍ ထုတ်ချေးခဲ့ရာ လက်ရှိ၌ လုပ်ငန်းပေါင်းသုံးထောင်ကျော်ကို ချေးငွေကျပ် ၈၆ ဘီလီယံကျော် ထုတ်ချေးပေးခဲ့ပြီးဖြစ်သည်။ ဆက်လက်၍ ငွေကျပ်ဘီလီယံ ၂၀၀ မှ ၅၀၀ အထိ ထပ်မံထုတ်ချေးမည့် အစီအစဉ်ကို အမြန်ဆုံး အကောင်အထည်ဖော်လျက်ရှိသည်။
မြန်မာနိုင်ငံစီးပွားရေး ပြန်လည်ဦးမော့လာရေးအတွက် ရင်းနှီးမြှုပ်နှံ မှုအမြောက်အမြား ဝင်ရောက်လာရန်လိုအပ်သဖြင့် ကိုဗစ်-၁၉ အလွန် ကာလတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ပြည့်မီနိုင်အောင် ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။ ယခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုလျာထားချက် အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ ပြည့်မီနိုင်မည်ဟု ယုံကြည်ပြီး ယခုဘဏ္ဍာနှစ် မေလ အထိ အလုပ်အကိုင်အခွင့်အလမ်း ၁၆၈ဝဝဝ ကျော် ဖန်တီးပေးနိုင်ခဲ့သည်။ ကမ္ဘာတစ်ဝန်းကပ်ရောဂါဖြစ်ပွားနေစဉ် နိုင်ငံ့ရိက္ခာမှာဖူလုံနေပြီး စိုက်ပျိုး ရေးကဏ္ဍမှ ကမ္ဘာတစ်ခွင် စားနပ်ရိက္ခာလိုအပ်ချက်များအတွက် ပို့ကုန်များ ပိုမိုတိုးတက်တင်ပို့ခြင်းဖြင့် စီးပွားရေးဦးမော့အောင် လုပ်ကိုင်ကြမည် ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် အစိုးရနှင့်ပြည်သူဟန်ချက်ညီညီပူးပေါင်း ဆောင်ရွက်နေမှုများကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကို အောင်မြင်စွာဆောင်ရွက်နိုင်ပြီး စီးပွားရေးဘက်တွင် အရေးပေါ်ကုစားရေးနှင့် ရေရှည်တွင် စီးပွားရေးဦးမော့လာရေးအတွက် လက်တွေ့ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။