ဂန့်ဂေါ  ၁၉  ဇွန်

 

ဂန့်ဂေါမြို့နယ်တွင် ဒေသရေမြေရာသီဥတုနှင့်ကိုက်ညီပြီး စီးပွားရေးတွက်ခြေကိုက်မည့် ဈေးကွက်ဝင် အမယ် သစ်သီးနှံများ စိုက်ပျိုးလျှက်ရှိကြရာ လျှော်ဖြူပင်များကို တိုးချဲ့စိုက်ပျိုးလာကြ ကြောင်းနှင့် ယခုနှစ်အထိ လျှော်ဖြူစိုက်ပျိုးမှု ဧက ၁၃၀ ကျော် စိုက်ပျိုးမှုရှိနေပြီဖြစ်ကြောင်း  မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

 

mdn

 

လျှော်ဖြူပင်များ စိုက်ပျိုးရာတွင် နှစ်ချင်းဝင်ငွေရ ရာသီသီးနှံများ သို့မဟုတ် ဝဥကဲ့သို့ ဈေးကွက်ဝင် အမယ်သစ်သီးနှံများလည်း စိုက်ပျိုးနိုင်ကြပြီး လျှော်ဖြူကို လွန်ခဲ့သည့် ငါးနှစ်ကျော် ကာလက စတင်စမ်းသပ် စိုက်ပျိုးခဲ့ကြရာ ယခုအခါ စတင်စိုက်ပျိုးထားသော အပင်များမှ အစေးများ စတင်ထုတ်ယူ နိုင်နေပြီဖြစ်ကြောင်း လျှော်ဖြုစိုက် တောင်သူတစ်ဦးက ပြောသည်။

 

လျှော်ဖြူစိုက်ပျိုးကြသည့် မင်းရွာ၊ ပနန်း၊ ချောင်းနက် စသည့် ကျေးရွာစိုက်ခင်းများသို့ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးစီးအရာရှိ ဦးထင်အောင်ကြွယ်  နှင့် ဝန်ထမ်းများသည် မေ ၁၈ ရက် နေ့လယ်က သွားရောက်ကြည့်ရှုကြ၍ လျှော်ဖြူပင်များကြား စိုက်ပျိုးနိုင်သည့် သီးနှံများ သီးညှပ်အဖြစ် စိုက်ပျိုးကြရေးကို လျှော်ဖြူစိုက်ပျိုးသူများနှင့်တွေ့ဆုံဆွေးနွေးကြ၍ ချောင်းနက်ကျေးရွာ တောင်သူ ဦးစိုးဝင်းထံ လျှော်ဖြူပင်များ ထောက်ပံ့ခဲ့ကြောင်း သိရသည်။

 

၁၄၄