မိုးမိတ်  ၁၉   ဇွန် 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင်နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော လူမှုရေး ထောက်ပံ့ကြေးနှင့်   ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားသည့် ကာလအတွင်း ထပ်ဆောင်း ထောက်ပံ့ငွေများကို မိုးမိတ်မြို့ မြောက်ပိုင်းရပ်ကွက်ရှိ သက်ကြီးဘိုးဘွား ၁၄ ဦး တို့ထံ ခရိုင်နှင့်မြို့နယ် အမျိုးသမီးကော်မတီ အဖွဲ့ဝင် များနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှဝန်ထမ်းများသည် ဇွန် ၁၈ ရက် ညနေ ၃ နာရီက ဘိုးဘွားများလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မိုးမိတ်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား ၁၆၉ ဦး ရှိပြီး သက်ကြီးဘိုးဘွား များအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုပင်စင်ထောက်ပံ့ငွေ တတိယသုံးလပတ်(ဧပြီ၊ မေ၊ ဇွန်) အတွက် ၃၀ဝ၀ဝ ကျပ် နှင့် ကိုဗစ်-၁၉ ကူးစက် ရောဂါဖြစ်ပွားသည့် ကာလအတွင်း ထပ်ဆောင်းထောက်ပံ့ငွေ ၃၀ဝ၀ ကျပ် စုစုပေါင်း ၆၀ဝ၀ဝ ကျပ်စီကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ရီရီဝင်း၊ ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဒေါ်သူဇာသန်း၊ ခရိုင်နှင့်မြို့နယ်အမျိုးသမီးကော်မတီ အဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက လက်ဝယ်အရောက် လိုက်လံထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုးမိတ်သား(စည်သူဌေး)