၁၈ ဇွန်
နယူးဇီလန်နိုင်ငံ အနောက်အော့ကလန် ဒေသတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှု တစ်ခုအတွင်း ရဲတပ်ဖွဲ့ဝင်နှစ်ဉီး သေနတ်ဖြင့် အကြီးအကျယ် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က သောကြာနေ့တွင် ပြောကြားခဲ့သည်။
အနောက် အော့ကလန်ပြည်နယ် မက်စီတွင် ဒေသခံရဲများသည် ကင်းလှည့်နေချိန်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဝါတီမာတာခရိုင် ရဲမှူး နီလာ ဟာဆန်က ပြောကြားခဲ့သည်။
နံနက် ၁၀ နာရီမိနစ် ၃၀ အချိန်တွင် ရဲတပ်ဖွဲ့၏ ကားမှာ ရပ်နားထားချိန်တွင် ရဲတပ်ဖွဲ့နှင့် သေနတ်များဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့ဝင် နှစ်ဉီးမှာ ပြင်းထန်စွာရရှိခဲ့ပြီး ပြည့်သူ့ အဖွဲ့ဝင်တစ်ဉီးမှာလည်း ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့ဝင် တစ်ဉီးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသန္တမီဒီယာ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
နယူးဇီလန် ရဲတပ်ဖွဲ့ကမူ ထိုကိစ္စကို အတည်မပြုသေးပေ။
အဆိုပါ ပြစ်မှုကျူးလွန်သူ တစ်ဉီးမှာ ကားနှင့်အတူ ထွက်ပြေးတိမ်းရှောင်သွားကြောင်း ရဲတပ်ဖွဲ့က ကျူးလွန်သူကို ပိုက်စိပ်တိုက် ရှာဖွေလျက်ရှိသည်ဟု ဆိုသည်။
ဒေသခံ ပြည်သူလူထုအား ပစ်ခတ်မှု ဖြစ်ပွားရာ ဧရိယာကို ရှောင်ရှားကြရန် ရဲတပ်ဖွဲ့က အကြံပေးခဲ့သည်။
အဆိုပါ ဒေသမှာရှိသည့် ကျောင်းများမှာ အဆိုပါ အဖြစ်အပျက်ကြောင့် ပိတ်ထားခဲ့ရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်
