၁၉ ဇွန်

 

 

အမေရိကန်ပြည်ထောင်စု ဂျွန်ဟော့ကင်း တက္ကသိုလ်၏ သုတေသန အချက်အလက်အရ ကမ္ဘာတစ်ဝှမ်းတွင် ကိုရိုနာဗိုင်းရပ် ကူးစက်ခံရမှုကြောင့် သေဆုံးသူ ဦးရေ ၄၅၀ဝ၀ဝ ကျော် ရှိလာသည်ဟု သိရသည်။

 

 

ဇွန်လ ၁၈ ရက်နေ့တွင် ရောဂါကူးစက်ခံရမှုကြောင့်  ကမ္ဘာတစ်ဝန်း သေဆုံးသူ ၄၅၀၁၃၇ ဦး ရှိကြောင်း စာရင်းတွင် ဖော်ပြထားသည်။

 

 

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် အမေရိကန်ပြည်ထောင်စုတွင် သေဆုံးသူဦးရေ ၁၁၇၉၇၂ ရှိသဖြင့် သေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်သည်။ဘရာဇီးနိုင်ငံတွင် ၄၆၅၁၀ ဦး၊ ဗြိတိန်နိုင်ငံတွင် ၄၂၃၇၃ ဦး၊ အီတလီနိုင်ငံတွင် ၃၄၅၁၄ ဦး နှင့်ပြင်သစ်နိုင်ငံတွင် ၂၉၅၇၈ ဦး တို့ ရောဂါကူးစက်ခံရပြီး သေဆုံးခဲ့ကြသည်။

 

 

ကမ္ဘာတစ်ဝန်း အတည်ပြု ရောဂါကူးစက်ခံသူပေါင်း ၈၄၀ဝ၃၂၀  ရှိသည်။

 

 

အမေရိကန်နိုင်ငံသည် ရောဂါကူးစက်ခံရမှု အများဆုံး နိုင်ငံဖြစ်ကာ ကူးစက်ခံရသူဦးရေ ၂၁၇၃၈၀၄ ရှိသည်။ ဘရာဇီးနိုင်ငံတွင် ၉၅၅၃၇၇ ဦး၊ ရုရှားနိုင်ငံတွင် ၅၆၀၃၂၁ ဦး၊ အိန္ဒိယနိုင်ငံတွင် ၃၆၆၉၄၆ ဦးနှင့် ဗြိတိန်နိုင်ငံတွင် ၃၀၁၉၃၅ ဦး တို့ ရောဂါကူးစက်ခံရသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို