မန္တလေး ၁၉ ဇွန်

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၅)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီမှ မန္တလေးခရိုင်အတွင်းရှိ သီလရှင်ဆရာကြီး/ဆရာလေး ၄၉၂၈ ပါးအား ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၈ နာရီခွဲက မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ မြဝတီသီလရှင် စာသင်တိုက်တွင် ကျင်းပပြုလုပ်သည်။

 

mdn

 

ထို့နောက် မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီနာယက ဒေါက်တာယုယုမေက လှူဒါန်း ရခြင်း၏ အကြောင်းအရင်းများအား လျှောက်ထားပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းရာ ကျောင်းတိုက်အသီးသီးမှ သီလရှင်ဆရာကြီးများကိုယ်စား မြဝတီသီလရှင် စာသင်တိုက်မှ သီလရှင် ဆရာကြီး ဒေါ်ပညာဝတီက လက်ခံရယူသည်။

 

၎င်းနောက် မန္တလေးတိုင်းဒေသကြီးသီလရှင် အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ မြဝတီသီလရှင်စာသင်တိုက်မှ သီလရှင်ဆရာကြီး အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဒေါ်ပညာဝတီထံမှ လှူဒါန်းမှု အစုစုအတွက် ရေစက်ချ တရားနာယူကြည်ညိုကြသည်။

 

အခမ်းအနားသို့ သီလရှင်ဆရာကြီး/ဆရာလေးများ၊ မန္တလေးတိုင်းဒေသကြီးအ မျိုးသမီးကော်မတီ နာယက အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ခဲ့ပြီး မန္တလေးခရိုင်အတွင်းရှိ သီလရှင်စာသင်တိုက် ၂၇၆ တိုက်မှ သီလရှင်ဆရာကြီး/ဆရာလေး ၄၉၂၈ ပါး အတွက် ဆန် ၈၂၁အိတ် နှင့် ၈ ပြည်၊ ဆီ ၂၅ ကျပ်သား ဘူး (၄၉၂၈)ဘူး၊ ခေါက်ဆွဲ (၃၀)ပါထုပ် (၄၉၂၈)ထုပ် တို့အား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)