ဆင်ပေါင်ဝဲ  ၁၉  ဇွန်

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်များတွင် လူတန်းစားမရွေး စာပေလေ့လာ ဖတ်ရှုနိုင်ရေးအတွက် သုတရသစာအုပ်များစုံလင်စွာ ငှားရမ်းပေးလျက်ရှိရာ မကွေးတိုင်း ဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှု အခြေအနေအရ စာငှားစာဖတ်ပရိသတ်များ နည်းပါးခဲ့ရာမှ ယခုအခါ စာငှားစာဖတ် ပရိသတ်များ ပုံမှန်လာရောက် ငှားရမ်းလျက်ရှိကြောင်း သိရသည်။

 

စာအုပ်များ ငှားရမ်းပေးရာတွင် စာကြည့်တိုက်သို့လာရောက်အသုံးပြုသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှု ကြိုတင်ကာကွယ်ရေးအနေဖြင့် လက်စင်ဘေစင်နှင့် ဆပ်ပြာများ ထားရှိ ပေးခြင်း၊ နှာခေါင်းစည်း (Mask) များအသုံးပြုနိုင်ရေး၊ Social Distancing နှင့်အညီ နေထိုင်သွားလာနိုင်ရေး အသိပညာပေးခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ချိုချိုဝင်းထံမှ သိရှိရသည်။

 

မြို့နယ်ပြန်/ဆက်