ကျိုင်းတုံ ၁၉ ဇွန်
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) စေတနာ့ဝန်ထမ်းများ ဆင့်ပွားသင်တန်း(ဒုတိယအကြိမ်)ကို ဇွန် ၁၈ ရက်က ကျိုင်းတုံမြိုတော်ခန်းမ၌ ဖွင့်လှစ်သည်။
ရှေးဦးစှာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အာခါတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးအာဗေလ နှင့် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော် တို့က အမှာစကား ပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်ခင်ခင်မြင့်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းကို ဆက်လက်ကျင်းပရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ စေတနာ့ဝန်ထမ်း ၇၈ ဦး တက်ရောက်ပြီး ကိုဗစ်-၁၉ ရောဂါတုံ့ပြန်ဆောင်ရွက်ရာတွင် စေတနာ့ဝန်ထမ်းများ၏ အခန်းကဏ္ဍ၊ စေတနာ့ဝန်ထမ်းများ၏ တာဝန်၊ လုပ်ငန်းလမ်းညွှန်၊ ပြောဆိုဆက်ဆံမှုပိုင်းဆိုင်ရာပံ့ပိုးမှုပေးခြင်း၊ ဦးတည်အုပ်စုအလိုက် ဝန်ဆောင်မှု ပေးခြင်းဆိုင်ရာ စသည့် သင်ခန်းစာများကို ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)


