တီးတိန်      ၁၉  ဇွန်     

 

ချင်းပြည်နယ် တီးတိန်မြို့၌ ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်၊ထိန်းချုပ်ရေးလုပ်ငန်းမြို့နယ်အဆင့် ကော်မတီဝင် များပူးပေါင်းပြီး တီးတိန်မြို့အဝင်ဂိတ်များ၌ နေ့စဉ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

 

mdn

 

ထိုသို့ ဆောင်ရွက်ရာတွင် ယနေ့၌ ခရီး သွားပြည်သူများ လက်ဆေးခြင်း၊ အပူချိန်တိုင်းခြင်း၊ မှတ်တမ်း ရယူခြင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် စည်းကမ်းချက်များ လိုက်နာမှုရှိမရှိ စစ်ဆေးလျက်ရှိသည်။

 

အလားတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ယာဉ်ထိန်းရဲတပ်ဖွဲ့ အမှတ်(၁၆)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့  ခွဲ(ချင်း)မှ ထုတ်ပြန်ထားသည့် ၂၀၂၀ ပြည့်နှစ်မော်တော် ယာဉ်စီမံခန့်ခွဲမှုဥပဒေ အသိပညာပေး လက်ကမ်း စာစောင် ဖြန့်ဝေခြင်း၊ယာဉ်မောင်းများယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများလိုက်နာရန်နှင့် ဆိုင်ကယ် မောင်းနှင်လျှင် လိုက်နာရမည့် အချက်များကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)