၁၉ ဇွန်

 

 

ဘရာဇီးပညာရေးဝန်ကြီး အာဘရာဟမ် ဝီထရပ် က ရာထူးမှနုတ်ထွက်ကြောင်းနှင့် ကမ္ဘာ့ဘဏ်၏ ဒါရိုက်တာတစ်ဦးအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယမန်နေ့က ကြေညာခဲ့သည်။

 

 

တွစ်တာပေါ်ရှိ ဗွီဒီယိုတစ်ခုတွင် ဝီထရပ်သည် သမ္မတ ဘော်ဆိုနာရို၏ဘေးတွင် ရပ်လျက်ရှိသည်ကို တွေ့ရပြီး ယင်းကြေညာချက်ကို ဖော်ပြထားသည်။

 

 

ဝီထရပ်သည် သမ္မတ ဘော်ဆိုနာရို၏ ပထမဦးဆုံး ပညာရေးဝန်ကြီး ရီကာဒို ဗီလဒ် ရိုဒီဂတ် ထွက်သွားပြီးနောက် ၂၀၁၉ ခုနှစ် ဧပြီလတွင် ပညာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။

 

 

ဧပြီလ ၂၂ ရက်နေ့က ကျင်းပခဲ့သော အစိုးရအဖွဲ့ အစည်းအဝေး တစ်ခုတွင် ဖက်ဒရယ်တရားရုံးချုပ်မှ တရားသူကြီးများကို ဖမ်းဆီးသင့်သည်ဟု ဝီထရပ်ပြောဆိုခဲ့သည့်    ဗွီဒီယိုဖိုင်ပေါက်ကြားခဲ့ပြီးနောက် မကြာသေးမီက ဖြစ်ပွားသော အငြင်းပွားမှုတွင်  ပါဝင်ပတ်သက်ခဲ့သည်။

 

 

တရားရုံးက ဘော်ဆိုနာရို ထောက်ခံသူများနှင့် ဆက်စပ်မှုရှိပြီး သတင်းအတုများ ဖန်တီးသည်ဟူသော စွပ်စွဲချက်ဖြင့်  ဝီထရပ်ကို  စုံစမ်းစစ်ဆေးခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို