ရေကြည်   ၁၉  ဇွန်  

 

    

ဧရာဝတီတိုင်းဒေသကြီး  ပုသိမ်ခရိုင်  ရေကြည်မြို့နယ်တွင်  တောင်သူဦးကြီးများ၏  လယ်ယာမြေတွင် ပက်ထားသည့်  စပါးကျဲခင်းနှင့်ပျိုးခင်းများတွင်  ကြွက်နှင့် ခိုငှက်များ  စာများ ဝင်ရောက်ဖျက်ဆီး၍ ကုန်ကျမှုများပိုနေလျှက်ရှိကြောင်း  လယ်သမားကြီး  ဦးကျော်မြင့်မှပြောပြသည်။

 

  

“ကျွန်တော်တို့ ဒီနှစ်က မနှစ်ကနဲ့ မတူဘူး။   နှစ်တိုင်းကြုံတွေ့နေရတာ ဆိုပေမယ့် နေ့ဘက်မှာ  ခိုငှက်များ၊  စာများ၊  ဂျိုးငှက်  စာနားပင်းများက  တစ်ခါကြပြီဆိုရင်  အကောင်ရေခန်မှန်းအားဖြင့်  ၃၀ဝ ကျော်  ၄၀ဝ ခန့်လောက်ရှိတယ်။ တစ်နာရီလောက်စားရင် သုံးကျင်းလေးကျင်းလောက်  ပျိုးကျဲပက်ထားတဲ့ အခင်းလောက်ဆိုရင်  အေးအေးဆေးဆေး ကုန်တယ်။  လူလည်စောင့်ပါတယ်။  လယ်ကသုံးနေရာလောက် ကွဲနေတော့အဆင်မပြေဘူး။ ညဘက်ဆိုရင်လည်း  လယ်ကန်သင်းများကို ရေစို့ထားပေမယ့် ပျိုးကျဲခင်းများအား  ကြွက်ဖားလောင်းနှင့်ကြွက်ကြီးတွေဝင်ရောက်စားသောက်  ဖျက်ဆီးတာကြောင့် အသစ်လယ်ကို ထွန်ယက်ပြီး  အချိန်မီ လုပ်ကိုင်ဆောင်ရွက်နေရပြီး  ကုန်ကျစရိတ်များ ပိုကုန်နေပါတယ်” ဟု ဦးကျော်မြင့်က ပြောပြသည်။

 

 

ဆန်းတင့်  (ရေကြည်)