အထက်မင်းလှ ၁၉ ဇွန်

 

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ပြည်သူများ ဆေးပစ္စည်းများ ဝယ်ယူရာတွင် ဘေးကင်းလုံခြုံစေရန် ရည်ရွယ်၍ မင်းလှမြို့နယ် တိုင်းရင်းဆေးဝါး ကြီးကြပ်မှုကော်မတီအဖွဲ့မှ ယမန်နေ့ နံနက်ပိုင်းက မင်းလှမြို့ပေါ်ရှိ ဆေးပစ္စည်း အရောင်းဆိုင်များသို့ သွားရောက်ပြီး တားမြစ် ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

 

ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်တိုင်းရင်းဆေးဝါး ကြီးကြပ်မှုကော်မတီတွင် ပါဝင်သည့် မြို့နယ်တိုင်းရင်းဆေးကုဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းအဖွဲ့မှ မင်းလှမြို့ပေါ်ရှိ ဆေးဆိုင်များသို့ သွားရောက်၍ ဆေးပစ္စည်းများ ရောင်းချရာ၌ စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံစေရန်အတွက် လုပ်ငန်းရှင်များ လိုက်နာရမည့် စားသောက်ကုန်ပစ္စည်း အညွှန်း အမှတ်အသားများဆိုင်ရာ သိကောင်းစရာများကို အသိပေးရှင်းလင်း ဆွေးနွေးပြီး  ဆေးဆိုင်အတွင်း သက်တမ်းကုန်ဆုံးသော ဆေးပစ္စည်းများ ရောင်းချနေမှုရှိ/မရှိ၊ မှတ်ပုံတင်ထားခြင်း မရှိသော တိုင်းရင်းဆေးများ ရောင်ချမှုရှိ/မရှိနှင့် တားမြစ်ထားသော ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

 

 

ဇာဇာ(အထက်မင်းလှ)

222