ဟိုပုံး  ၁၉  ဇွန် 

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီမှ ထောက်ပံ့လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း သံဃာတော်များ ဆွမ်းအခက်အခဲ မဖြစ်ပေါ်စေရေးအတွက် ယနေ့မွန်းလွှဲ (၂) နာရီအချိန်တွင် ဟိုပုံးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၁၁) ကျောင်း သို့သွားရောက်၍ ဆန်၊ ဆီ၊ ဆေးဝါးနှင့် နှာခေါင်းစည်းများ ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သိရပါသည်။

 

ထိုသို့ဆက်ကပ်လှူဒါန်းရာတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာမှူး ဒေါက်တာ မောင်မောင်သိန်း၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးမောင်မောင်မြင့်တို့က ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းလျှင် ဆန်(၃) အိတ်၊ ဆီ(၁)ပုံး၊ ဆေးဝါးနှင့် နှာခေါင်း စည်း များလှူဒါန်းရာ ကျောင်း(၁၁)ကျောင်းအတွက် ဆန်(၃၃)အိတ်၊ ဆီ(၁၁)ပုံး၊ ဆေးဝါးနှင့် နှာခေါင်းစည်းများ ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

နေမင်းထွန်း(ဟိုပုံး)