mdn

မန္တလေး   ၂၀   ဇွန်

 

ပြည်တွင်းမှ အရည်အသွေးကောင်းမွန်သော သရက်သီးများ ပြည်ပသို့တင်ပို့နေရာမှ ရွေးချယ်ကျန်ရှိသည်များကို အလေအလွင့်မရှိစေရန် သရက်သီးခြမ်းများအဖြစ် အခြောက်ခံကာ မလေးရှားသို့ စမ်းသပ်တင်ပို့မည်ဟု မြန်မာ နိုင်ငံသရက်သီးအစုအဖွဲ့ ဥက္ကဌ ဒေါ်သန်းသန်းဆွေက ပြောသည်။

 

“သရက်သီးအခြောက်တွ ေအော်ဒါအများကြီးရှိပါတယ်။Export သရက်သီးရဖို့ အရည်အသွေးရှိတာက ကားတစ်စီးမှာ ဆယ်ပုံတစ်ပုံလောက်ပဲပါတော့ အကောင်းဆုံးရွေးချယ်ပြီးကျန်တဲ့ သရက်သီးတွေကို သန့်သန့်ရှင်းရှင်း နဲ့ Value Added လုပ်မယ်ဆိုရင် တဖြည်းဖြည်းနဲ့ စိတ်ဝင်စားလာမယ်။ ပြည်တွင်းက အများကြီးစုဖွဲ့ပြီး တင်ပို့ရောင်းချရင် ပြည်ပဈေးကွက် တစ်ခုရလာမှာပါ” ဟု ၎င်းကပြောသည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် သရက်သီးမှ အခြားအမယ်များထုတ်လုပ်သည့် အဆင့်မြင့်နည်းပညာများ သင်တန်း များ ဖွင့်လှစ်သင်ကြားပေးရန်လိုကြောင်း၊အမှည့်လွန်သရက်သီးများမှ အနှစ်ထုတ်ယူ ခြင်း၊သရက်သီး အခြမ်းကို အခြောက်ခံခြင်းနှင့် တန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်၍ ပြည်ပတင်ပို့ နိုင်ပါက လေလွင့်ဆုံးရှုံးမှုနည်းမည် ဖြစ်ကြောင်းသိရသည်။

 

"အဲဒါကြောင့် လွင့်ပြစ်ရမယ့် သရက်သီးတွေကို ပြည်တွင်းမှာသရက်ပြင်နဲ့ သရက်သီးခြောက်လုပ်တယ်၊ အနှစ် တွေလုပ်တယ်။အစေ့ကို ပျိုးပင်လုပ်ပြီးပြန်ရောင်းတယ်။အခွံတွေကိုတော့ မြေသြဇာ လုပ်တဲ့ နေရာမှာ သုံး တယ်။ သရက်မှာ ပစ်စရာမရှိဘူး”ဟု ၎င်းဆက်လက်ပြောကြားသည်။

 

အခြားသရက်မျိုးများဖြစ်သည့် ရွှေဟင်္သာ ၊ မချစ်ဆု၊ ပတ္တမြားငမောက်စသည့် အမျိုးအစားများကို ပြည်ပသို့ တင်ပို့သော်လည်းစိန်တလုံးသရက်သီးမှာ အဓိက ဈေးကွက်ဖြစ်နေပြီး သရက်သီးမှ အခြားအမယ်များထုတ်လုပ်ကာ ပြည်ပဈေးကွက်ထိုးဖေါက်ရန်လိုအပ်သည်ဟု ဆိုသည်။

 

“သရက်သီးအနှစ်လုပ်ပြီးပို့တာရှိတယ်၊စင်္ကာပူ၊မလေးရှား ဂျပန်တို့ စတဲ့ နိုင်ငံတွေ မှာ ရေခဲမုန့်နဲ့ အခြားမုန့် တွေ ထုတ်လုပ်ရာမှာ သုံးကြတယ်။အနှစ်ကို မလေးရှားပို့ရာက သရက်ခြမ်းအခြောက် တွေ စမ်းပို့မည်ဖြစ်ကြောင်း၊ သရက်သီးခြမ်း အခြောက်က နိုင်ငံခြားမှာ ခေတ်စားတယ်” ဟု NT Star Group မှ ဒေါ်ဥမ္မာကျော်က ပြောသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)

mdn