ဟောင်ကောင်  ၁၉ ဇွန်

အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် တောင်အာရှနိုင်ငံ များတွင် ကိုဗစ်- ၁၉ ကူးစက်မှုများ မြင့်တက်လာခဲ့ ကြောင်းနှင့် ကန့်သတ်မှုများ လျှော့ချလိုက်ပြီးနောက် ပါကစ္စတန်နိုင်ငံတွင်လည်း ကိုဗစ်-၁၉ ကူးစက်မှု ပြန်လည် မြင့်တက်လာခဲ့ကြောင်း နိုင်ငံတကာသတင်းတစ်ရပ်တွင် ဖော်ပြလိုက်သည်။


ပါကစ္စတန်
ပါကစ္စတန်နိုင်ငံတွင် ကိုဗစ်- ၁၉ ကြောင့် သေဆုံးသူ ပေါင်း ၃၀၉၃ ဦးအထိ ရောက်ရှိလာပြီး ကိုဗစ်- ၁၉ ဓာတ်ခွဲ အတည်ပြုလူနာပေါင်း ၁၆၀၁၁၈ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ စီးပွားရေး ပြန်လည်ဦးမော့ရန်နှင့် အခြေခံလူတန်းစား များအတွက် ကန့်သတ်ပိတ်ဆို့မှုများ ပြန်လည်ဖွင့်ပေး လိုက်ပြီးနောက် ပါကစ္စတန်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုများ ပြန်လည်မြင့်တက်လာသည်။

 

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ရှာမာ မွတ်ကျူရက်ရှီက ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်ကို ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုနှင့် ဒေသတွင်းပြဿနာများကို ဖုန်းဖြင့်ဆွေးနွေးခဲ့ကြကြောင်း ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။


ဘင်္ဂလားဒေ့ရှ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း ကိုဗစ်- ၁၉ ထပ်မံ ကူးစက်ခံရသူပေါင်း ၃၈၀၃ ဦးနှင့် အတူ စုစုပေါင်း ၁၀၂၂၉၂ ဦး မြင့်တက်လာခဲ့ကြောင်းနှင့် သေဆုံးသူမှာလည်း ၁၃၄၃ ဦး ရှိခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း လွန်ခဲ့သော ၂၄ နာရီအတွင်း အသစ်ထပ်မံသေဆုံးသူ စုစုပေါင်း ၃၈ ဦးရှိခဲ့ကြောင်း အဆင့်မြင့် ကျန်းမာရေးဝန်ကြီးဌာနအရာရှိ တစ်ဦးဖြစ်သူ ပါမောက္ခနာဆီမာ ဆော်လ်တာနာက ပြောကြားလိုက်သည်။


မလေးရှား

မလေးရှားတွင်လည်း ကိုဗစ်- ၁၉ အသစ် ထပ်မံဖြစ်ပွား သူ ၁၄ ဦးရှိ လာမှုနှင့်အတူ စုစုပေါင်း ကိုဗစ်- ၁၉ ဖြစ်ပွားသူ ၈၅၂၉ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြား လိုက်သည်။ ကိုဗစ်- ၁၉ အသစ်ထပ်မံဖြစ်ပွားသူ ၁၄ ဦး အနက် သုံးဦးမှာ နိုင်ငံခြားမှ ပြန်လာသူများဖြစ်ပြီး ပြည်တွင်း ကူးစက်သူများအနေဖြင့် နိုင်ငံခြားသား ခုနစ်ဦးနှင့် မလေးလူမျိုး လေးဦးတို့ဖြစ်ကြောင်း သိရသည်။


ကမ္ဘောဒီးယား
ကမ္ဘောဒီးယားနိုင်ငံတွင်လည်း နိုင်ငံခြားမှ ပြန်လာသူ တစ်ဦးတွင် ကိုဗစ်- ၁၉ ပိုးတွေ့ရှိခဲ့ပြီး စုစုပေါင်း ကိုဗစ်- ၁၉ ဖြစ်ပွားသူအရေအတွက် ၁၂၉ ဦးရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

အင်ဒိုနီးရှား
အင်ဒိုနီးရှားနိုင်ငံတွင်လည်း တစ်နေ့တည်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၃၃၁ ဦးရှိခဲ့ကာ စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ခံရသူများမှာ ၄၂၇၆၇ ဦးရှိခဲ့ပြီး သေဆုံးနှုန်းမှာလည်း ၂၃၃၉ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန အရာရှိတစ်ဦးဖြစ်သူ အာမက်ယူ ရီရန်တိုက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။


ဖိလစ်ပိုင်
ဖိလစ်ပိုင်နိုင်ငံတွင်လည်း ကိုဗစ်- ၁၉ ထပ်မံကူးစက်ခံရ သူ ၅၆၂ ဦးရှိကြောင်း ဖော်ပြပြီးနောက် စုစုပေါင်း ကိုဗစ်- ၁၉ ကူးစက်ခံရသူပေါင်း ၂၇၇၉၉ ဦး ဖြစ်လာခဲ့သည်။ ကိုဗစ်-၁၉ မှ ပြန်လည်ကောင်းမွန်လာသူ ၂၇၀ နှင့်အတူ စုစုပေါင်း ၇၀၉၀ ဖြစ်လာကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ပြောကြားလိုက်သည်။


တောင်ကိုရီးယား
တောင်ကိုရီးယားနိုင်ငံတွင်လည်း နောက်ထပ် ကူးစက်ခံရသူပေါင်း ၅၉ ဦးရှိသည်ဟု သတင်းဖော်ပြလိုက် ပြီးနောက် စုစုပေါင်း ကိုဗစ်- ၁၉ ကူးစက်ခံရသူ ၁၂၂၅၇ ဦးရှိကြောင်း သိရသည်။ ခြောက်ရက်အတွင်း နေ့စဉ် ကိုဗစ်- ၁၉ ကူးစက်ခံရသူပေါင်း ၅၀ ကျော်လာခဲ့သည်။ ကိုဗစ်-၁၉ ကူးစက်မှုအနည်းငယ်သည် လူစုလူဝေးများနှင့် ဆက်စပ်မှုရှိ ကြောင်း သိရသည်။


နယူးဇီလန်
နယူးဇီလန်နိုင်ငံတွင်လည်း ယခုသီတင်းပတ်အစော ပိုင်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ နှစ်ဦးရှိကြောင်း ဖော်ပြပြီးနောက် နောက်ထပ် ကိုဗစ်-၁၉ ဖြစ်ပွားသူ တစ်ဦးရှိကြောင်း ထပ်မံဖော်ပြလိုက်သည်။

 

အဆိုပါ ကိုဗစ်-၁၉ ဖြစ်ပွားသူမှာ ပါကစ္စတန်မှ ခရီးသွားတစ်ဦးဖြစ်သည်။ ကိုဗစ်- ၁၉ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ပြည်သူများ ဝမ်းနည်းရသလို ယုံကြည်ချက်များ လျော့ရဲလာသည့်အပေါ် ကျန်းမာရေးဝန်ထမ်းတစ်ဦးက တောင်းပန် စကား ပြောကြားလိုက်သည်။

ဆင်ဟွာ