လှိုင်းဘွဲ ၂၀ ဇွန်
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင် အထည်ဖော် ဆောင်ရွက်မည့် ကျေးလက်ဒေသများတွင် ကုန်ထုတ်လုပ်မှုနှင့် ကျေးရွာအခြေခံ အဆောက်အဦအထောက်အကူပြု (Cash For Work)အစီအစဉ်နှင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (Village Revolving Fund Project)အကောင်အထည်ဖော် ဆောင်ရွက်ရေး ကျေးရွာများ စိစစ်ရွေးချယ်ခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် ကုန်ထုတ်လုပ်မှုနှင့် ကျေးရွာအခြေခံ အဆာက်အဦအထောက်အကူပြု Cash For Work အစီအစဉ်ဖြင့် လုပ်ငန်းအကောင်အထည် ဖော်ရာ တွင် ကျေးရွာတစ်ရွာလျှင် လုပ်ငန်းတစ်ခုသာ ဆောင်ရွက်ပြီး ထောက်ပံ့ငွေ ကျပ်သိန်း တစ်ရာခန့်ဖြင့် ကျေးရွာ ၂၅ ရွာကို လည်းကောင်း၊ ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ၏ အိမ်ခြေအနည်းအများပေါ် မူတည်ပြီး ကျေးရွာ(၁၀)ရွာကို ရွေးချယ်စိစစ်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးစောအောင်မျိုးမြင့်က ပြေားသည်။
အဆိုပါစီမံကိန်းလုပ်ငန်းများကို ဇွန်လ တတိယပတ်မှစတင်ဆောင်ရွက်ပြီး စက်တင်ဘာလ အထိ သုံးလအတွင်း ကျေးရွာကော်မတီများက လုပ်ငန်းကို အပြီးဆောင်ရွက်ရမည် ဖြစ်ပြီး ကျေးလက်ဒေသများ၏ ကုန်ထုတ်လုပ်မှု၊ ကျေးရွာဖွံ့ဖြိုးရေး လမ်းတံတားများနှင့် ရွာတွင်း လမ်းများကို ဦးစားပေးရွေးချယ်ပေးခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


