ကန်ပက်လက် ၂၀ ဇွန်
ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ကျောက်တောင်ကျေးရွာ၌ စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ ယခုအခါ လုပ်ငန်းများရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကျောက်တောင်ကျေးရွာ သောက်သုံးရေရရှိရေးလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ၃၇ ဒသမ ၂၄ သန်းဖြင့် နှစ်လက်မ ရေပိုက် ၄ မိုင် ၄ ဖာလုံ သွယ်တန်း ခြင်းနှင့် ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်းများကို ဖေဖော်ဝါရီလ ပထမပတ်ကစတင်၍ တင်ဒါအောင်မြင်သည့်ကုမ္ပဏီက တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ကန်ပက်လက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထန်းအွမ် က ပြောသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုကို ယနေ့ နံနက်ပိုင်းက ကန်ပက်လက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထန်းအွမ်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စိုးမိုးကျော်


