mdn

ချင်းရွှေဟော်   ၂၀  ဇွန်

 

 

တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက ၄၇ ဦး ထပ်မံဝင်ရောက်ခဲ့ကြောင်း သိရသည်။

 

 

အဆိုပါ ချင်းရွှေဟော်မြို့ နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ယမန်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်တွင် နေရပ်ပြန်ပြည်သူ ၄၅ ဦးဝင်ရောက်ခဲ့ပြီး ယနေ့ နံနက်ပိုင်းက ထပ်မံဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ ၄၇ ဦးရှိကာ စုစုပေါင်း ၉၂ ပြန်လည်ဝင်ရောက်ခဲ့သည်။

 

 

အဆိုပါ  ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ ၉၂ ဉီးမှာ အမျိုးသား ၄၄ ဉီး၊ အမျိုးသမီး ၄၈ ဉီးတို့ဖြစ်ပြီး  ရန်ကုန်တိုင်းဒေသကြီးမှ ၂ ဉီး၊ မန္တလေးတိုင်းဒေသကြီးမှ ၁၅ ဉီး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၉ ဉီး၊ မကွေးတိုင်းဒေသကြီးမှ ၁၁ ဉီး၊ ကချင်ပြည်နယ်မှ ၁ ဉီး၊ ရှမ်းပြည်နယ်မှ ၄၅ ဉီးနှင့် ရခိုင်ပြည်နယ်မှ ၉ ဉီးတို့ ဖြစ်သည်။

 

 

ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား  ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေ:လုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ စနစ်တကျ စီစဉ် လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ  ဧပြီ ၃၀ ရက်မှ ဇွန် ၂၀ ရက် နံနက်ပိုင်းအထိ အမျိုးသား ၆၄၇၄ ဉီးနှင့် အမျိုးသမီး ၅၁၃၅ ဉီးတို့ဖြစ်ပြီး စုစုပေါင်းနေရပ်ပြန်ပြည်သူ ၁၁၆၀၉ ဉီးကို  လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

 

ဇင်ဇင်(ပြန်/ဆက်)