မိတ္ထီလာ  ၂၀    ဇွန်

မိတ္ထီလာမြို့သာယာလှပစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မိတ္ထီလာ-မြင်းခြံသွား ကားလမ်းအနီး ဝန်ဇင်းရပ်ကွက် ဝန်ဇင်းကန်ဘောင်ပေါ်တွင်  စိုက်ပျိုးထားသည့်အလှပန်းအိုး ၁၇၅ လုံးအနက် (၃၉)လုံးကို ယနေ့ နံနက် ၁ နာရီက ဖျက်ဆီးခံခဲ့ရကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ထံမှ သိရပါတယ်၊

ဒီမနက် တာဝန်သိပြည်သူတစ်ဦးက ဝန်ဇင်းကန်ဘောင်ပေါ်က အလှပန်းအိုးတွေ တွန်းချပြီးကွဲနေ ကြောင်း သတင်းပို့တဲ့အတွက် လာရောက်ကြည့်ရှုခြင်းဖြစ်ပါတယ်။ အလှပန်းအိုး (၁၇၅)လုံးရှိသည့်အနက် (၃၉)လုံးကို တွန်းချခဲ့ရာ  (၄)လုံးက အိုးပါကွဲပြီး (၃၅)လုံးက အလှပန်းပင်နှင့် မြေဆွေးများ ပျက်စီးသွားခဲ့ တယ်၊  ယခု တွန်းချဖျက်ဆီးခံရသည့် အလှပန်းအိုးမျာကို   ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ် မြို့နယ် စည်ပင် သာယာရေးအဖွဲ့ ရန်ပုံငွေနဲ့ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်တွင် မိတ္ထီလာ-မြင်းခြံသွား ကားလမ်းအနီး ဝန်ဇင်း ကန်ဘောင်ပေါ်တွင်  တောင်ထန်းပင်၊စက္ကူပန်းပင်၊သနပ်ခါးပင်စတဲ့ အလှပန်းအိုး (၁၇၅)လုံးကို စိုက်ပျိုးထားရှိခဲ့ရာ အလှပန်းအိုးတစ်အိုးလျှင် ငွေကျပ် ၂၀၀၀၀ ပတ်ဝန်းကျင်ကုန်ကျပါတယ်၊ ထိုသို့ဝန်ဇင်းကန်ဘောင်ပေါ်တွင် စည်ပင်သာယာရေးအဖွဲ့မှ အလှအပဖန်းတီးထားရှိမှုများကို ဖျက်ဆီးခံရ၍ ဒေသခံပြည်သူများအနေဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နဲ့အတူ ပူးပေါင်းထိန်းသိမ်းပေးစေလိုပါတယ်” ဟု မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဒေါ်နီလာဝင်းက ပြောကြားခဲ့သည်။

အဆိုပါ ဝန်ဇင်းကန်ဘောင်ပေါ်ရှိ အလှပန်းအိုးများတွန်းချဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ အမှတ်(၂) နယ်မြေရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)