ကြံခင်း  ၂၀  ဇွန်

 

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့၌ ခြင်အန္တရာယ်ကင်းဝေးစေရန် မြို့မဈေးနှင့် မြို့နယ်မီးသတ်ခြံဝန်းများအတွင်း ခြင်ဆေးဖျန်းခြင်းကို ယမန်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြံခင်းမြို့ မြတ်ဗုဒ္ဓနှင့် မြတ်ဓမ္မ လူမူရေးအဖွဲ့များက ကြံခင်းမြို့မ ဈေးရှိ ခြင်ပေါက်ပွားနိုင်သောနေရာများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ရုံးခန်းနှင့် ဝန်ထမ်းအိမ်ရာရှိ ခြင်ခိုအောင်းနိုင်သော နေရာများ၊ ရေကန်များ၊ ဈေးဆိုင်ခန်းများ၊ လမ်းကြားများပါမကျန် ခြင်ဆေးဖျန်းခြင်း ဆောင်ရွက်ခဲ့သည်။

 

မိုးမိုး(ပြန်/ဆက်)

 

1234

 

123