လေးမျက်နှာ ၂၀  ဇွန်

 

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် စောပြာကျေးရွာ (NEP) လျှပ်စစ်မီးလင်းရေးကော်မတီသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

 

ထိုသို့ပေးအပ်ရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူက ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းနှင့် ပတ်သတ်၍ ရှင်းလင်း ပြောကြားပြီး နှာခေါင်းစည်း (Mask) ခုရေ ၅၀၀ ၊ PPE ဝတ်စုံ ၃ စုံနှင့် ဆက်စပ်ပစ္စည်းများ၊ လက်သန့်ဆေးရည် ၆ ဘူး၊ ‌ရော်ဘာလက်အိပ်ရှည် ခု ၁၀၀ တို့ကို စောပြာကျေးရွာ (NEP)ကျေးရွာမီးလင်းရေးကော်တီသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရွှေမိုး(လေးမျက်နှာ)