မင်းလှ ၂၀ ဇွန်
မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် ကညင်းကြီးကျေးရွာရှိ မြေသားမိုးရေလှောင်ကန် တိုးချဲ့တူးဖော်ခြင်း လုပ်ငန်း များ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါမြေသားရေကန်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်းရန်ပုံငွေ ကျပ် ၁၀ သန်း၊ ကျေးရွာပြည်သူထည့်ဝင်ငွေကျပ် ၀ ဒသမ ၅ သန်းတို့ဖြင့် အလျားပေ ၁၀၀ ၊ အနံပေ ၉၀ ၊ အနက် ၁၄ လက်မ တိုးချဲ့တူးဖော်ခြင်းကို ကျေးရွာပြည်သူလူထုကိုယ်တိုင် ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခင်နန္ဒာအိ က ပြောသည်။
အဆိုပါ မြေသားမိုးရေလှောင်ကန် တူးဖော်ပြီးစီးပြီဖြစ်၍ ကျေးရွာရှိအိမ်ခြေ ၂၀၀မှ လူဦးရေ ၉၀၄ ဦးအပြင် ကျွဲ/နွား တိရစ္ဆာန်များအတွက်ပါ နွေရာသီကာလ သောက်သုံးရေဖူလုံရေး အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
ငြိမ်းသူ(စလင်း)


