ညောင်ဦး ၂၀ ဇွန်
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ရွာသစ်တောင်ကျေးရွာနှင့် စီးကန်တဲတိုက်မှ သောက်သုံးရေအခက်အခဲ ကြုံတွေ့နေရသော ပြည်သူများအား ယမန်နေ့ နံနက်ပိုင်းက ပုဂံမြို့၊ ဖြူစင်မေတ္တာ ပရဟိတရေလှူအသင်းနှင့် သုမင်္ဂလာပရဟိတ ရေလှူအသင်းတို့မှ သောက်သုံးရေများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ သောက်သုံးရေလှူဒါန်းရာတွင် ရွာသစ်တောင်ကျေးရွာရှိ ဒေသခံပြည်သူများအတွက် ရေဂါလန် ၃၇၀၀၊ စီးကန်တဲတိုက်ရှိ ဒေသခံပြည်သူများအတွက် ရေဂါလန် ၃၇၀၀ စုစုပေါင်း သောက်သုံးရေ ဂါလန် ၇၄၀၀ အား အိမ်ထောင်စုအလိုက် စနစ်တကျ ခွဲဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


