စဉ့်ကူး ၂၀ ဇွန်
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ မာလဲ-နတ်တောင် ရေလောင်တမံ ဆည်ရေသောင်စနစ် ရေအသုံးပြုသူများအဖွဲ့ (Water User Group- WUG) ဖွဲ့စည်းခြင်း အခမ်းအနားကို ယမန်နေ့ မနက်ပိုင်းက အဆိုပါရေလောင်တမံရှင်းလင်း ဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးတင်မြင့်အောင်က အဖွင့်အမှာ စကားပြေားကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ညွန့်က ရာသီအလိုက် သီးနှံမျိုးစေ့များ တောင်သူများနှင့်ပူးပေါင်းပြီးထုတ်ပေးခြင်းနှင် စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဖြူး ပေးခြင်းအကြောင်းကိုလည်းကောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြင့်သိန်းက ရေအသုံးပြုသူများအဖွဲ့ ဖွဲ့စည်းခြင်းဖြင့် မြေအညှင်းပွားပြဿနာတွေကို ဖြေရှင်းဆောင်ရွက် သွားနိုင်မည့်အကြောင်းကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ (Nippon Koei Consultant Group) မှ ညိှနှိုင်းရေးမှူး ဦးရာဇာဝင်းတင့်က ရေအသုံး ပြုသူများအဖွဲ့ ဖွဲ့စည်းခြင်း ရည်ရွယ်ချက်၊ အဖွဲ့ဖွဲ့ခြင်းကောင်းကျိုးနှင့် လုပ်ဆောင်ရမည့်တာဝန်များကိုလည်း ကောင်း၊ ညှိနှုင်းရေးမှူး ဦးအောင်မိုးနိုင်က ခေါင်းဆောင်တူခေါင်းဆောင် ရွေးချယ်တင်မြောက်ခြင်းနှင့် ရေအ သုံးပြုသူများအဖွဲ့ လုပ်ဆောင်ပုံနှင့် အခြေခံအချက်အလက်အနှစ်ချုပ်ကို ရှင်းလင်းဆွေးနွေကြရာ တက် ရောက်လာသောတောင်သူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးမှုအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများ ကပြန်လည်ဖြေကြားကြသည်။ ထို့နောက် တက်ရောက်လာသူများသူများက အဖွဲ့(၁) လက်ဝဲမြောင်းမကြီး ရေထုတ်ပြွန်အမှတ်(၁)မှ အဖွဲ့ခေါင်းဆောင်အဖြစ် ဦးလှိုင်မြင့်ဦးအား အဖွဲ့ခေါင်းဆောင်အဖြစ်လည်းကောင်း၊ ဦးဇော်မင်းအောင်အား အဖွဲ့ ဒုခေါင်းအဖြစ်လည်းကောင်း ရွေးချယ်ပေးခဲ့ကြကြောင်း သိရသည်။
မင်းဇော်ဦး(စဉ့်ကူး)


