ဒီပဲယင်း ၂၀ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက မရကန်ကျေးရွာဓမ္မာရုံတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးနိုင်လင်းထက်က ရွေ့လျား ဝန်ဆောင်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ် ကျန်းမာရေးဝန်ထမ်းများက ကျေးရွာသူ ကျေးရွာသားများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး အသိပညာပေးဗဟုသုတများ ဟောပြောခြင်း၊ မြို့နယ် လဝကမှ ရွာသူ ရွာသားများ၏ အိမ်ထောင်စုဇယားများတွင် ဖွား/သေ စာရင်းများ ဖြည့်သွင်းပေးခြင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
သိန်းထွန်း(ဒီပဲယင်း)


