သုံးခွ ၂၀ ဇွန်
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော လူမှုရေးထောက်ပံ့ကြေးနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားသည့် ကာလအတွင်း ထပ်ဆောင်းထောက်ပံ့ငွေများကို သုံးခွမြို့နယ် ရပ်ကွက်/ကျေးရွာများရှိ သက်ကြီးဘိုးဘွား ၆၅၂ ဦးတို့ထံ ယနေ့ နံနက် ၈ နာရီခွဲက ဘိုးဘွားများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား ၆၅၂ ဦးရှိပြီး သက်ကြီးဘိုးဘွားများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေး ဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုပင်စင်ထောက်ပံ့ငွေ တတိယသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) အတွက် ငွေကျပ် ၃၀၀၀၀ နှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားသည့်ကာလအတွင်း ထပ်ဆောင်းထောက်ပံ့ငွေကျပ် ၃၀၀၀၀ စုစုပေါင်း ငွေကျပ် ၆၀၀၀၀ စီကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေ၀င်း၊ ဦးမျိုးဆွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်နှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက လက်ဝယ်အရောက် လိုက်လံထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
စည်သူလင်း(ပြန်/ဆက်)


