၂၀ ဇွန်

 

စင်ကာပူနိုင်ငံမှာ ဈေးဆိုင်တွေနဲ့ ကော်ဖီဆိုင်တွေကို သောကြာနေ့က ပြန်ဖွင့်ပေးလိုက်ပြီဖြစ်ပေမယ့် လူတွေကို အပျော်လွန်ပြီး ပျော်ပွဲရွှင်ပွဲတွေ မလုပ်ကြဖို့ကို သတိပေးထားပါတယ်။

 

အသွားအလာကန့်သတ်မှုကို နှစ်လကျော်ကြာအောင် ပြဌာန်းထားပြီးနောက် သောကြာနေ့ကစပြီး အနှိပ်ခန်းတွေနဲ့ spa တွေကိုပါ ပြန်လည်ဖွင့်ခွင့်ပေးသလို ကမ်းခြေတွေအသုံးပြုခွင့်၊ အားကစားလုပ်ခွင့်ကိုပါ လွတ်လွတ်လပ်လပ် အသုံးပြုခွင့် ရရှိပြီဖြစ်ပါတယ်။

 

ဒါပေမယ့် လူငါးဦးထက်မပိုတဲ့ စုဝေးခြင်းနဲ့ လူတိုင်းက မျက်နှာဖုံးဝတ်ဆင်ထားခြင်းနဲ့ တစ်ဦးနဲ့တစ်ဦး တစ်မီတာ (၃ ဒသမ ၃) ပေ အကွာရှိနေရမယ့် စည်းမျဉ်းကတော့ ရှိနေဆဲဖြစ်ပါတယ်။ 

 

လူဦးရေ ၅ ဒသမ ၇ သန်းနေထိုင်တဲ့ စင်ကာပူနိုင်ငံမှာ နိုင်ငံသားတွေကို အိမ်ထဲမှာ ဆက်လက်နေထိုင်ဖို့၊ အကြောင်းတစ်စုံတစ်ရာမရှိဘဲ အပြင်မထွက်ကြဖို့ကို အစိုးရက ပြောထားပါတယ်။

 

ရောဂါပိုးကူးစက်မှု ဖြစ်နိုင်ချေများတဲ့ ရုပ်ရှင်ရုံတွေ၊ ဘားတွေနဲ့ နိုက်ကလပ်တွေကိုတော့ ဆက်လက်ပိတ်ထားဆဲဖြစ်ပါတယ်။

 

ဝန်ကြီးချုပ်က လူတိုင်းက ဒီနေ့လိုနေ့မျိုးကို စောင့်နေတာကြပြီဆိုပေမယ့် အပျော်မလွန်ကြဖို့ကို သတိပေးစကား ဆိုရှယ်မီဒီယာ ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားပါတယ်။

 

MDN

ကိုးကား - AFP