ဝါရှင်တန် ၂၁ ဇွန်
နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် အက်ပဲလ်သည် အမေရိကန်ရှိ ကိုဗစ်- ၁၉ ကပ်ရောဂါ ကူးစက်မှုမြင့်တက်နေသည့် ပြည်နယ်များရှိ ၎င်းတို့၏ ဆိုင်ခွဲများကို ယာယီပိတ်ထားဦးမည်ဟု အမေရိကန်မီဒီယာများက ပြောသည်။
ဖလော်ရီဒါ၊ မြောက်ကာရိုလိုင်းနား၊ တောင်ကာရိုလိုင်းနားနှင့် အရီဇိုး နားပြည်နယ်တို့ရှိ အက်ပဲလ် ဆိုင်ခွဲ ပေါင်း ၁၁ ဆိုင်ကို ပိတ်သွားမည်ဟု မီဒီယာများက ပြောသည်။
မေလလယ်မှစတင်ကာ အဆိုပါ ပြည်နယ်များတွင် စီးပွားရေးလုပ်ငန်းများ ပြန်လည် လုပ်ကိုင်ခွင့်ပြုရန် ခွင့်ပြုပြီးနောက်ပိုင်းတွင် အက်ပဲလ် ဆိုင်ခွဲများ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
အခြေအနေများ ပြန်လည် ကောင်းမွန်လာပါက အမြန်ဆုံး ပြန်လည်ဖွင့်လှစ်မည်ဟုလည်း သိရသည်။
အက်ပဲလ် ကုမ္ပဏီ၏ ဆုံးဖြတ်ချက်ကြောင့် နယူးယောက်မြို့ရှိ စတော့ရှယ်ယာဈေးကွက် ထိခိုက်ခဲ့ရသည်။
ကိုဗစ်- ၁၉ ကပ်ရောဂါ တစ်ကျော့ပြန် ပြန်လည်မြင့်တက်လာခြင်းဖြင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထိခိုက်လာမည်ကို ရင်းနှီးမြှုပ်နှံသူများက စိုးရိမ်ကြသည်။
အင်န်အိတ်ချ်ကေ