မကွေး  ၂၁  ဇွန်

မကွေးခရိုင် ငါးလုပ်ငန်းဦးစီးဌာနသည် ငါးရစ်ငါးသန်ကာလအတွင်း ငါးဖမ်းဆီးမှုမရှိစေရေး ပညာပေး ဟောပြောခြင်းနှင့် ကြီးကြပ်စစ်ဆေးခြင်းလုပ်ငန်းများကို ခရိုင်ဦးစီးဌာနမှူး ဦးစိုးလှိုင်မြင့် နှင့် ဝန်ထမ်းများ ဦးဆောင်၍ အင်းသားကြီးများ၊ ရေလုပ်သားများနှင့်အတူ မကွေးမြို့နယ်အတွင်းရှိ အင်း၊ တင်ဒါ ငါးဖမ်းကွက်များနှင့် ဘုံငါးဖမ်းကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြရာ ပိုင်ရှင်မဲ့ တန်းပိုက် (၈)ဖောင်၊ တုတ်(၄)လုံး နှင့် ဇလဲ့မြှုံး(၉)လုံး သိမ်းဆည်းရမိခဲ့ပါကြောင်း သိရှိရသည်။

MDN