သံတောင်ကြီး ၂၁  ဇွန်

ကရင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးဌာနမှူး ဒေါ်အေးအေးဇော်နှင့်အဖွဲ့သည် ယမန်နေ့နံနက် ၇ နာရီခွဲတွင် သံတောင်ကြီးမြို့နယ်၊ ပျားစခန်းကျေးရွာသို့ သွားရောက်ခဲ့ပြီး မြစိမ်းရောင် (ငါးကဏ္ဍ) ငါးမွေးတောင်သူ(၁၀)ဦး၏ ငါးမွေးကန်များအတွက် ငါးမြစ်ချင်း ငါးသားပေါက် ကောင်ရေ (၂၂၅၀၀) အား အခမဲ့ဖြန့်ဝေပေးခဲ့သည်။

 

ဆက်လက်ပြီး အဆိုပါ မြစိမ်းရောင် (ငါးကဏ္ဍ) အဖွဲ့၏ ကော်မတီဝင်များနှင့် တွေ့ဆုံပြီး မြစိမ်း ရောင်ရန်ပုံငွေ အတိုးရငွေဖြင့် တည်ဆောက်ခဲ့သော လူမှုကူညီရေးယာဉ်ထားရှိမည့် အဆောက်အဦအား ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

MDN