သံဖြူဇရပ်  ၂၁  ဇွန်

 

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် နယ်မြေခံတပ်၌ အသွားအလာ ကန့်သတ်စောင့်ကြည့်မှု ၂၁ ရက်ပြည့်သူ ၂၁၈ ဦးအား ယနေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူများက ၄င်းတို့၏ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ပို့ဆောင်ရာတွင် မွန်ပြည်နယ်မှ ၂၁၃ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၂ ဦး၊ ကရင်ပြည်နယ်မှ ၃ ဦးတို့အား ကျန်းမာရေးစစ်ဆေးမှု နှစ်ကြိမ်ပြုလုပ်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိသည့်အတွက် မြို့နယ် ကျန်းမာရေး ဦးစီးဌာန၏ ထောက်ခံချက်နှင့်အတူ မိမိဒေသသို့ပြန်လည်ရောက်ရှိပါက သက်ဆိုင်ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး များထံ သတင်းပို့ပြီး မိမိတို့နေအိမ်၌ (၇)ရက် Home Qunrantine အဖြစ် နေထိုင်ကြရန် တာဝန်ရှိသူများမှ မှာကြားခဲ့သည်။

 

သံဖြူဇရပ်မြို့၊ နယ်မြေ​ခံတပ်၌ နေရပ်ပြန်ပြည်သူ (၅၀၀)ဦးအား အသွားအလာကန့်သတ်ထားရှိပြီး ဇွန် ၂၂ ရက်တွင် ၁၇၇ ဦးနှင့် ၂၃ ရက်တွင် ၁၀၅ ဦးတို့အား ၄င်းတို့နေရပ်အသီးသီးသို့ ဆက်လက်၍ ပြန်လည်ပို့ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

အေးအေးသီ(ပြန်/ဆက်)